လက်လန်တယ်
03-Jul-2017ဗိန္ဒောနဲ့ စိတ်ညှို့တတ်သူဆရာက အရက်စွဲလူနာအား ကုသရာဝယ် -
“ ငါပြောသလို လိုက်ပြော၊ ဒီနေ့ကစပြီး ကျွန်တော်အရက်မသောက်တော့ဘူး”
“ ဒီနေ့ကစပြီး ကျွန်တော်အရက်မသောက်တော့ဘူး”
“ အရက်လုံးဝဖြတ်ပြီ”
“ အရက်လုံးဝဖြတ်ပြီ”
“ ကဲ.. ငါပြောပြီးပြီ မင်းဘာပြောချင်သေးလဲ”
“ ကျွန်တော်ပြောသလို ဆရာလိုက်ပြောမှဖြစ်မယ်”
“ ကဲပြောမယ်ကွာ ဘာပြောမလဲ”
“ မင်းသောက်ခဲ့တဲ့ အရက်အကြွေးတွေကိုု ဆရာလိုက်ရှင်းပေးပါမယ်”
“ ဟိုက်”
Credit : မှူးအိမ်ဇင်